ပန်းတပွင့်က ရင်မခုန်တတ်ပေမယ့်
ဆွတ်ခူးမရခင် မှာလည်း
ငေးကြည့် ပြီး ပင်ပန်းခဲ့တဲ့ အပြုံး
ပန်းတပွင့်က ဂရုမစိုက်တတ်ပေမယ့်
လက်လှမ်းမမှီစဉ် မှာလည်း
မျှော်တွေးပြီး ပင်ပန်းခဲ့တဲ့ အပြုံး
ပန်းတပွင့်က မခံစားတတ်ပေမယ့်
(မခူးရက်လို့) ပျိုးထောင်ပေးနေခဲ့လည်း
ပျော်ရွှင်ပြီး ပင်ပန်းခဲ့တဲ့ အပြုံး
ပန်းတပွင့်က မစိုးရိမ်တတ်ပေမယ့်
ကာကွယ်ယုယ ပေးနေခဲ့လည်း
ကျေနပ်ပြီး ပင်ပန်းခဲ့တဲ့ အပြုံး
ပန်းလေးရယ်.... မသိတတ်ခဲ့ပေမယ့်
ပင်ပန်းခဲ့ရတဲ့ အပြုံးက
ပန်းလေးအတွက် ပီတိဖြစ်နေခဲ့တာ...
ကြွေကြသွားတာတောင် မသိရက်ခဲ့လေသလားကွယ်။

0 comments:
Post a Comment