မရှိချင်ဘူး
ဘာဖြစ်ချင်မှန်းလည်း
မသိတော့ဘူး
အကြိမ်ကြိမ် ကိုယ့်ရဲ့စိတ်တွေ ကြေမွ
ရင်ခုန်စရာ ရပ်ခဲ့ရပြီ ဒီဘဝ
အရင်လိုလေ အိပ်မက်လေးတွေ သိလား
ဒီတစ်ခါ ပြန်မမက် သင့်တော့တာ သိလား
တကယ်ပါ၊ ခံစားချက်တွေလည်း မရှိချင်တော့ဘူး။ ဘာမှလည်း မဖြစ်ချင်ဘူး၊ ဘာဖြစ်ချင် နေမှန်းလည်း ကျတော့် ကိုယ် ကျတော် တကယ် မသိတော့ဘူး။ ကျတော် ဆိုတာကြီး ကို ကျတော် ဖြစ်တည် မနေချင်တော့ဘူး၊ ကျတော် ဆိုတဲ့ အကောင် မရှိတော့ အောင် တစ်ခုခု ကြုံဆုံ လိုက်ရရင်လည်း သိပ် ကောင်းမယ်ထင်တယ်။ ကောင်မလေးရယ်... ည ည ဆို 'လ' ကို မျှော်မျှော် ကြည့်ပြီး ကျခဲ့တဲ့ မျက်ရည်တွေ၊ တမ်းတပြီး ပြောပြောမိနေတဲ့ မင်းကို နားလည်စေချင်တဲ့ စကားတွေ၊ အတွက် ငါ.. သိပ်ကို ပင်ပန်းနေပြီ။
... ကျတော့်မှာ ကောင်မလေးတစ်ယောက် ရှိခဲ့တယ်.. တကယ့်ကို ငရုတ်သီးမလေးဗျာ၊ ကျတော့် ရင်ခွင်မှာ လာနားခိုတော့ မှ ကျတော် မပူလောင်ပဲ နေမလား၊ ပူပူလောင်လောင်ဖြစ်လည်း ကျတော် အရေးမစိုက်ခဲ့ပါဘူး။ ကျတော်... 'သူ' ဆိုတဲ့ ငရုတ်သီးမလေး ကိုမှ ချစ်ခဲ့ ကြိုက်ခဲ့ တစ်ဘ၀လုံး ပုံအောမိခဲ့တာ၊ နောက်ဆုံးတော့ ကျတော့် အပြစ်တွေ ပဲလား၊ အဲဒီ ငရုတ်သီးမလေး မရှိတော့တဲ့ နောက်ပိုင်းက စပြီးတော့ အခုလို ဖြစ်နေခဲ့ရတော့တာ၊ ဟာတာတာကြီး... အရမ်းကို ဟာတာတာကြီး။
အခု... သူမရှိတော့ပေမယ့်... ကျတော့် ရင်ဘတ်ထဲမှာ ပူလောင်နေဆဲပဲ၊ 'ငရုတ်သီးလေးရယ်... မင်းရဲ့ အရှိန်တွေ (မင်းရဲ့ အငြိုးတွေ၊ မင်းရဲ့ ကစဥ့်ကလျားနိုင်တဲ့ ဆုံးဖြတ်ချက်တွေ) ဘယ်လောက် ပြင်းလိုက်လဲ.. မင်းမရှိတာတောင် ငါ့ရင်ဘတ်ထဲမှာ မင်းရှိတာထက်ကို ပူလောင်နေပြီ'။ ကျတော် သူ့ကို ရူးမိုက်စွာ မျှော်နေမိတယ်၊ ကျတော် သူ့ကို ဆိုးသွမ်းစွာ လိုချင်မိတယ်...၊ ကျတော် ဘယ်လိုပဲ လုပ်လုပ် ပြန်မရနိုင်တဲ့ 'သူ့' ကို ၊ ကျတော် ဆိုတာကြီး ဖြစ်တည်နေသရွှေ့တော့ ကျတော် လေးလေးနက်နက် ပြန်လိုချင် နေမိတယ်။
'ကောင်မလေးရယ်... ငါရေးခဲ့ ဖူးတဲ့ ငါခံစားခဲ့ရတဲ့ ကဗျာအတိုင်း... တထစ်ခြ ဆင်တူအောင် ဘာလို့ထပ်လုပ် ရတာလဲ၊ တကယ်ပါ... '
သိပ်လှလွန်းတဲ့ ကောင်မလေးရယ်...
မင်း နှုတ်ခမ်းထက်က မာယာတွေကလဲ လှပါပေ့
ချိုမြိန်လွန်းတဲ့ မင်းစကားတွေ... မင်းအကြင်နာတွေ
မင်း 'ငါ့ကို' မချစ်တတ်ခဲ့ ပေမယ့် ချိုလှပါပေ့ကွာ
ကလေး တယောက်ထင်လို့
ကလေး တယောက်လို
စိုးရိမ် ခဲ့
အလိုလိုက် ခဲ့
ဂရုစိုက် ခဲ့မိတဲ့ ငါ
မင်းအတွက်တော့
တကယ်ကို
ကလေး တယောက်လို ပဲလား....
ငါ့ ကို ထပ်ပြီး မနှစ်သိမ့် ပါနဲ့တော့
ငါ့ ကို ထပ်ပြီး မရက်စက် ပါနဲ့တော့
ငါ အပေါ် ဟို အရင်လို သံယောဇဉ်တွေ ရှိနေရက်သားနဲ့..........
1 comments:
ကျတော် ဆိုတာကြီး ဖြစ်တည်နေသရွှေ့တော့ ကျတော် လေးလေးနက်နက် ပြန်လိုချင် နေမိတယ်။ 'ကောင်မလေးရယ်.... ဆိုပါလား?? You Need To Be Reborn..
Post a Comment