အစကတော့ ကျတော် ဘာမှ မသိခဲ့ပါဘူး။ တကယ်ကို ဘာမှ မသိခဲ့ဘူး။ အပင်ထက်မှာ နေပြီး နီးနီးလေးပဲ မြင်ခဲ့တာ။
လှပတဲ့ လက်တစုံက ကျတော့်ကို ယုယုယယ ခူးယူခဲ့တယ်။ သူ ကျတော့်ကို အင်မတန် ဂရုစိုက်တယ်။ အမြဲတမ်း မြတ်မြတ်နိုးနိုးနဲ့ တယုတယ ရှိတယ်။ ကျတော် ကြည်နူးခဲ့တယ်။
ကျတော် ဘာဖြစ်မလဲ ကျတော်မသိဘူး။ ရောင်းတန်း ရောက်နေတာကိုလည်း ကျတော် မသိခဲ့ဘူးလေ။ ၀ယ်သူ လာတော့မှ ကျတော် သဘောပေါက်မိတာ။ ငါ့ကို ဂရုတစိုက်ရှိလှတာ သူ ဈေးရောင်းရအောင် တမင် ပွဲထုတ်တာပါလား။
အလိုလေး... ကျတော်က ၇၀၀ တန်တယ်တဲ့။ ဒါတောင်များ ဈေးဆစ်နေသေးတယ်။ ကျတော့် အရည်အသွေးနဲ့ တန်အောင်တော့ ပေးသင့်တာပေါ့။ သူ မပေးချင်တော့လည်း ကိုယ့်အရသာ သူဘယ်သိတော့မလဲ။ ထားလိုက်ပါ။ အဲဒီလို တန်ဖိုး မသိတဲ့ လူတွေ လက်ထဲလည်း ကျတော် မလိုက်ချင်ပါဘူး။
မကြာပါဘူး။ ကျတော့်ကို အထိုက်အလျောက် တန်ဖိုး ပေးဝယ်တဲ့သူ ပေါ်လာပါရော။ အရင်က ကျတော့်ကို ယုယစွာ ထွေးပွေ့ထားတဲ့ လက်တွေ အခုတော့ အဿပြာတွေ ကိုင်ပြီး ကျန်ရစ်ခဲ့ပြီလေ။
ဒီတစ်ခါတော့ ကျတော် အေးအေးချမ်းချမ်း နေရပြီ။ အဲဒီလို တွေးနေတုန်းမှာပဲ ကိုယ်ကို ဓါးနဲ့ အစိပ်စိပ် အမွှာမွှာ လှီးလိုက်သလို ခံစားလိုက်ရတယ်။ ..........။
နောက်ဆုံး ကျတော် ရလိုက်တဲ့ အတွေးက ကျတော် ကိုယ်တိုင်ကိုက အသီး ဖြစ်နေမှတော့ အခုလို ကြုံတွေ့ရမှာပဲ။ ဒါပေမယ့် ကျတော်ဟာ အဿပြာ အတွက် ခူးယူခဲ့တဲ့ လက်ပိုင်ရှင် မဟုတ်ခဲ့သလို၊ မြိန်ယှက်စွာ သုံးဆောင်ခဲ့သူလည်း မဟုတ်ခဲ့ဘူး။ တကယ်တော့ ကျတော်ဟာ အဆိပ်မဲ့တဲ့ အသီးတလုံးသာ ဖြစ်ခဲ့တာ...။
22/4
အသီး တစ်လုံး၏ ဖြောင့်ချက်
Novel | Thursday, April 23, 2009
Posted at 11:50 AM
| Labels:
Novel
.
Subscribe to:
Post Comments (Atom)
1 comments:
သြော်.. သရက်သီးလား သရက်သီးပေါ်ချိန်ဆိုတော့ ဒီစာဖတ်ပြီး သရက်သီးပဲသွားသတိရတယ်။ ဖရဲသီးလား.... ဘာသီးလဲ.... အဆိပ်မရှိတော့ တော်သေးတာပေါ့နော့.....
စကားမစပ်.... နာ မင်းဂွတ်သီး သိပ်စားချင်တာပဲ... :P :P
Post a Comment