လလေးရယ် ခဏခဏ မကွယ်ပါနဲ့တော့နော်၊ မင်းကို မတွေ့ရရင် လွမ်းရလို့ပါ

တကိုယ်ကောင်းဆန်တဲ့ ဆုတောင်း

| Tuesday, January 27, 2009


တစ်စုံတစ်ယောက်နဲ့ တွေ့ဖို့
မင်းအလှ ပြင်တိုင်း
စွတ်စွတ်စိုတဲ့ နှုတ်ခမ်းနီလေး ဖြစ်ပါရစေ

တစ်စုံတစ်ယောက်နဲ့ တွဲလျှောက်တိုင်း
မင်း ခလုတ်မထိစေဖို့
အကာအကွယ်ပေးတဲ့ ဖိနပ်တစ်ရံ ဖြစ်ပါရစေ

တစ်စုံတစ်ယောက်ကို ဆက်သွယ်တိုင်း
မင်းအဆင်ပြေ ချောမွေ့ရာ
အိပ်ဆောင်ထဲနေတဲ့ လက်ကိုင်ဖုန်းလေး ဖြစ်ပါရစေ

တစ်စုံတစ်ယောက်ကို လွမ်းဆွတ်တိုင်း
မင်းပါးပေါ်ကျတတ်တဲ့
သတိရ လွမ်းမျက်ရည်လေး ဖြစ်ပါရစေ

တစ်စုံတစ်ယောက်အတွက် စာတွေရေးတိုင်း
မင်းအသုံးပြုတဲ့
စာချွန်လွှာ မှင်တံလေး ဖြစ်ပါရစေ

တစ်စုံတစ်ယောက်အတွက် ကဗျာတွေစပ်တိုင်း
ကာရံညီ နံဘေထပ်တဲ့
စကားလုံးတွေ ဖြစ်ပါရစေ

တစ်စုံတစ်ယောက်က မင်းကိုဝမ်းနည်းစေတိုင်း
အဖော်မဲ့ အထီးကျန်ဖြစ်မယ့်မင်းအနား
ညင်သာ တိုးဝေ့နေတဲ့ လေပြေလေး ဖြစ်ပါရစေ

တစ်စုံတစ်ယောက်က မင်းကိုပျော်ရွှင်စေတိုင်းလည်း
စိတ်ချမ်းသာမယ့် မင်းမျက်နှာပေါ်က
အေးချမ်းတဲ့ အပြုံးလေး ဖြစ်ပါရစေ

မင်းဘာပဲ ဖြစ်ဖြစ်
မင်းဘာပဲ လုပ်လုပ်
မင်းအနား ရှိနေရရင် ကျေနပ်တတ်တဲ့ ငါ
ခဏလောက်တော့ (တကိုယ်ကောင်းဆန်စွာ)
အဲဒီ တစ်စုံတစ်ယောက် ပေးဖြစ်လှည့်ပါ အချစ်ရယ်။

၂၇ ဇန်န၀ါရီ ၂၀၀၉

7 comments:

မောင်မျိုး said...

ဟမ်း...ဘာဖြစ်တာလဲ
ကဗျာကို ဖတ်ပြီး ပိစိတကယ်ခံစားနေရတာဆိုရင် မစရက်တော့လို့ တကယ်မဟုတ်ဘူး မှတ်လားး
အဆင်ပြေမှာပါ
အဆင်ပြေလာလိမ့်မယ်
အဆင်ပြေအောင်ကြိုးစား

ကဗျာဖတ်ပြီး စိတ်မကောင်း ငိုချင်သလိုလို ပေးဆပ်သူတို့ နှလုံးသား ။

sin dan lar said...

ကဗျာလေးက သနားစရာ....။

ဝေလေး said...

ဟမ်.....
တစ်စုံတစ်ယောက်..... ???
တစ်ကယ်မဟုတ်ဘူးမှတ်လား..... ဘာဖြစ်ရပြန်ပြီတုန်း... စိတ်ပူအောင်လုပ်ပြန်ပြီ...... ပိကျိ.....
နင်နော်.....
တစ်ကယ်မဟုတ်ပါစေနဲ့လို့....

ဖိုးဂျယ် said...

ပိကျိလေး ဘာဖြစ်တာလဲဟ
နာတော့ နားလည်တော့ဝူး
ဘာပဲဖြစ်ဖြစ် ညအမြဲရောက်ပါစေ ညီလေးရေ
ညရောက်တိုင်းလဲ လကိုကြည့်ပီး ပျော်ရွှင်ပါစေ

Juliane said...

ta kal ma hote par woo...
bar mha lae ma lote ya par woo..
thu myar ko lusoe fit ag..
hoommmm

sin dan lar said...

ဟေ့... ကောင်လေး... ရွှီးပြီး အငှားခံစားချက်နဲ့ ကဗျာတွေရေးနေတာ အပေါ်က ကောမန့်ဖတ်မှသိတယ်..ပိစုတ်ပိပြတ်
နာ သနားမိတာ နှမျောလိုက်တာ

Anonymous said...

It is real now.